StartStartเกริ่นนำStartInicioInícioStartStart

အမှန်အတိုင်းဖြစ်ပါစေ အကြမ်းမဖက်ပါနှင့်

အမှန်အတိုင်းဖြစ်ပါစေ အကြမ်းမဖက်ပါနှင့် သည် ငြိမ်းချမ်းရေး လက်စွဲစာအုပ် တအုပ်ဖြစ်သည်။ ကမ္ဘာတ၀ှမ်းလုံးရှိ ကလေးများ၊ အရွယ်ရောက်သူများ ၎င်းတို့၏ပြဿနာများကို မည်သို့ ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်မည်ကိုသင်ကြားရန် ရေးသားထုတ်ဝေခဲ့သည်။ “အမှန်အတိုင်းဖြစ်ပါစေ အကြမ်းမဖက်ပါနှင့်” စာအုပ်သည် အမြတ်အစွန်းမယူသော စီမံကိန်းဖြစ်သည်။ ဤလက်စွဲကို ကလေးသူငယ်အခွင့်အရေး အဖွဲ့အစည်း terre des hommes ဂျာမနီမှ တည်းဖြတ်သည်။ အကြမ်းဖက်ခြင်းမရှိသော သတင်းအချက်အလက်များ ကမ္ဘာအ၀ှမ်းရောက်ရှိရန် ရည်ရွယ်သည်။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်သော လမ်းကြောင်းဦးတည်ရာ ခြေလှမ်းမျှသာဖြစ်သည်။

အမှန်အတိုင်းဖြစ်ပါစေ အကြမ်းမဖက်ပါနှင့် စာအုပ်သည် ကျောင်းပညာသင်ကြားနေသော ကလေးများနှင့် လူမှုအဖွဲ့အစည်းများတွင် အကြမ်းဖက်မှုကို တားဆီးရန်အတွက် ဖြစ်သည်။ အသက် ၆ နှစ်မှ ၁၂ နှစ်ကလေးများ၊ ဆရာများ၊ လူမှုဝန်ထမ်းများနှင့် မိဘများကို လမ်းညွှန်မှုပေးသည်။ ပြဿနာ ဖြစ်ပွားနေသောနေရာများ၊ ဖွံ့ဖြိုးဆဲနိုင်ငံများ၊ အနောက်နိုင်ငံများနှင့် ဆက်စပ်သော နေ့စဉ် ပတ်ဝန်းကျင် စသဖြင့်နိုင်ငံတကာတွင် အသုံးပြုနိုင်ရန် သင်ရိုးညွှန်းတမ်းကို ရေးဆွဲထားသည်။ ကမ္ဘာတ၀ှမ်းရှိ ကျောင်းများ၊ ကစားကွင်းများ၊ ဘတ်စ်ကားများနှင့် အိမ်တွင် အကြမ်းဖက်မှုများ ဖြစ်ပွားနိုင်သည်။

အမှန်အတိုင်းဖြစ်ပါစေ အကြမ်းမဖက်ပါနှင့် စာအုပ်သည် ကလေးများ၌ ရန်လိုကြမ်းကြုတ်သော စိတ်ကိုလျော့ချပေးသည့် အစီအစဉ်ဖြစ်သည်။ ၎င်းတို့သည် မိမိ၏ခံစားချက်ကို မည်သို့သဘောပေါက် လက်ခံပြီး ကောင်းမွန်၍ အပေါင်းလက္ခဏာဆောင်သော စိတ်အမူအရာဖြင့် ပြန်လည်ဖော်ပြရန် လေ့လာမည်။ ၎င်းတို့သည် မိမိ၏ ကိုယ်ပိုင်ကန့်သတ်ချက်များ၊ လိုအပ်ချက်များနှင့် တပါးသူ၏ ကိုယ်ပိုင်ကန့်သတ်ချက်များ၊ လိုအပ်ချက်များကို လေးစားလိုက်နာပြီး ၎င်းတို့၏အမျက်ဒေါသနှင့် ခံပြင်းမှုများကို အပေးအယူလုပ်၍ ပိုင်းခြားဖော်ထုတ်ခြင်းကိုလည်း လေ့လာမည်။ ပြဿနာရပ်များကို အင်အားမသုံးဘဲ (သို့မဟုတ်) အကြမ်းမဖက်ဘဲ ငြိမ်းချမ်းစွာဖြေရှင်းခြင်းသည် ဤအစီအစဉ်၏ ရည်မှန်းချက်ဖြစ်သည်။