About terre des hommesÜber terre des hommesเกี่ยวกับองค์การ แตร์ เด ซอมม์About terre des hommesSobre terre des hommesSobre terre des hommesSobre terre des hommesAbout terre des hommes

အမှန်အတိုင်းဖြစ်ပါစေ အကြမ်းမဖက်ပါနှင့်

စာဖတ်ပရိသတ်များ ခင်ဗျား

Terre des hommes အဖွဲ့ဟာ နိုင်ငံပေါင်း ၃၄ နိုင်ငံမှာရှိတဲ့ ဆင်းရဲနွမ်းပါးတဲ့ကလေး၊ အမြတ်ထုတ်ခြင်း (သို့) အကြမ်းဖက်ခံရတဲ့ ကလေးတွေအတွက် လုပ်ဆောင်ပေးပါတယ်။ ကျနော်တို့ရဲ့ ဒေသတွင်းစီမံကိန်း မိတ်ဖက်တွေနဲ့ အတူ လမ်းပေါ်ရောက်ကလေး၊ လူမဆန်စွာ (သို့) ပြည့်တန်ဆာလုပ်နေရတဲ့ကလေးတွေ၊ စစ်ပွဲကြောင့် ကျန်းမာရေး (သို့) နေအိမ်ပျက်စီးဆုံးရှုံးသွားတဲ့ ကလေးတွေအတွက် အဖြေရှာလုပ်ဆောင်ပေးပါတယ်။ ကလေးတွေကို စောင့်ရှောက်မှုတွေ ပေးနေတဲ့ အမျိုးသမီး၊ မိသားစုနဲ့ လူ့ဘောင်အဖွဲ့အစည်းတွေကို ထောက်ပံ့ခြင်းနဲ့ လူငယ်တွေကို အကြမ်းဖက်မှု၊ ဆင်းရဲနွမ်းပါးမှုလွန်မြောက်သောအနာဂတ်တခု တည်ဆောက်ဖို့ အကူအညီပေးပါတယ်။

 

ဒီလိုမျိုး အကူအညီပေးညွှန်ကြားတဲ့ စီမံကိန်းမျိုးက အင်မတန်အရေးကြီးပါတယ်။ ဒါပေမယ့် terre des hommes ကအမြဲတမ်း ကြိုးစားနားလည်ပြီး ဆင်းရဲမှုဖြစ်ပွားရတဲ့ အခြေခံအကြောင်းအရင်း၊ အမြတ်ထုတ် ခြင်းနှင့် အကြမ်းဖက်ခြင်းတွေကို ကာကွယ်မှုမလုံလောက်တဲ့ သူတို့အတွက် ကိုင်တွယ်ဆောင်ရွက် ပေးပါတယ်။ ဒါကြောင့် အခြားစည်းရုံးလှုံ့ဆော်မှုပန်းတိုင်မှာ ကမ္ဘာတ၀ှမ်းက ကလေးတွေအခွင့်အရေး၊ နိုင်ငံတကာ စီးပွားရေး ဆက်ဆံမှုဥပဒေသ (သို့) တသမတ်တည်းဖြစ်တဲ့ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး ပေါ်လစီတွေကို လေးစားဖို့ ပါဝင်ပါတယ်။

 

ကမ္ဘာတ၀ှမ်းရှိ ကျနော်တို့ရဲ့စီမံကိန်း မိတ်ဖက်တွေ၊ ဂျာမနီနိုင်ငံအနှံ့က စေတနာ့ဝန်ထမ်းအဖွဲ့တွေနဲ့ ဗဟိုရုံးက ကျွမ်းကျင်ဝန်ထမ်းတွေနဲ့ အတူ terre des hommes ကိုအများစု လာရောက်ပူးပေါင်းကြ ပါတယ်။ ကျနော်တို့ရဲ့ လုပ်ဆောင်မှုတွေကို ဘယ်လိုသင့်မြတ်အောင်လုပ်ဆောင်မလဲဆိုတဲ့အပေါ်မှာ ပုံမှန်ညှိနှိုင်းတိုင်ပင်မှုတွေ လုပ်ဆောင်ပါတယ်။ ကျနော်တို့ terre des hommes ရဲ့ ဘုံရည်မှန်းချက် ပန်းတိုင် “ကမ္ဘာ့လူသားချင်းစာနာမှုသည် နေရာတိုင်းရှိ ကလေးများအတွက် အနာဂတ်ကို ပေးစွမ်းသည်” ကို ရောက်ဖို့အတွက် နည်းလမ်းများစွာကို ရှာဖွေပါတယ်။

 

မာတင် ဂါးလာ

ဥက္ကဋ္ဌ

 

terre des hommes Germany ၏ အခြားအချက်အလက်များ