The authorsDie Autorenผู้เขียนThe authorsEl EquipoA EquipeThe TeamThe authors

အမှန်အတိုင်းဖြစ်ပါစေ အကြမ်းမဖက်ပါနှင့်

Rita Erben ကို ဂျာမနီတွင်ဖွားမြင်ပြီး အိန္ဒိယနိုင်ငံရှိ Auroville မှာ နေထိုင်ပါတယ်။ လူမှုပညာ သင်မှုနည်းလမ်းနဲ့ ဆက်သွယ်မှုသိပ္ပံ ပညာရပ်ကို လေ့လာခဲ့ပါတယ်။ လူမှုပညာသင်ယူမှုနည်းလမ်းနဲ့ ပတ်သက်ပြီး ဆယ်နှစ်လောက် လုပ်ကိုင်ပြီးတဲ့အခါ မီဒီယာဘက်ကို ကူးပြောင်းလုပ်ဆောင်ခဲ့ပါတယ်။ နှစ်ပေါင်းများစွာ ရေဒီယိုနဲ့ တီဗွီသတင်းထောက်လုပ်ခဲ့ပြီး လူ့အခွင့်အရေးနဲ့ လူမှုနိုင်ငံရေးအကြောင်းတွေကို အစီရင်ခံခဲ့ပါတယ်။ သူမက “နှစ်ပေါင်း (၁၅) နှစ်လုံးလုံးစစ်ပွဲနဲ့ ပဋိပက္ခတွေဖြစ်နေတဲ့ နေရာတွေမှာ အလုပ်လုပ်ကိုင်ခဲ့ပါတယ်။ ဒီလိုလုပ်ကိုင်ရင်း အကြမ်းဖက်မှု၊ တော်လှန်ရေး၊ ဘာသာရေးနဲ့ သိပ္ပံပညာရပ်တွေကနေ ငြိမ်းချမ်းရေး မရနိုင်ဘူးဆိုတာ ကျမသဘောပေါက်မိတယ်။ ငြိမ်းချမ်းရေးဆိုတာ အမှန်တော့ ကျမတို့ကိုယ်တွင်းမှာ ရှိနေတာပါ။ အခုငြိမ်းချမ်းရေးစာအုပ်က စစချင်းခြေလှမ်းလေး ဖြစ်ပါတယ်” လို့ဆိုပါတယ်။

 

Astrid Kummer သည် ဂျာမနီနိုင်ငံ ဘာလင်မြို့တွင်နေထိုင်ပါတယ်။ ယခင်နှစ်များစွာက အိန္ဒိယနိုင်ငံရှိ Auroville တွင်နေထိုင်ခဲ့ပါတယ်။ လွန်ခဲ့သောနှစ်အတန်က နိုင်ငံတကာမှာရှိတဲ့ ပြဇာတ်နဲ့ လူရွှင်တော် အလုပ်ရုံတွေမှာ ပါဝင်ခဲ့ပြီး အဲဒီက သင်ယူလေ့လာခဲ့တဲ့ အရာတွေကို ပြန်လည် အသုံးချခဲ့ပါတယ်။ သူမက “ မိမိကိုယ်မိမိ၊ မိမိခံစားချက်တွေ၊ မိမိအဟန့်အတားတွေ၊ မိမိအားသားချက်တွေ၊ ဒီအရာတွေက မိမိနဲ့ ဘယ်လိုပတ်သက်နေသလဲဆိုတာ ကောင်းစွာသဘောပေါက်ခြင်းဟာ အင်မတန်အရေးကြီးတယ်လို့ ကျမခံစားမိပါတယ်။ ဒီအကြောင်းအရာတွေကို ကျောင်းတွေမှာ ကျမသင်ခဲ့တာ မဟုတ်ပါဘူး။ ကလေးတွေကို သူတို့အကြောင်းတွေ သူတို့သိရှိအောင် သင်ကြား ပေးနိုင်မယ်ဆိုရင် ကလေးတွေအတွက် ပိုကောင်းနိုင်ပါလိမ့်မယ်။ ရလဒ်အနေနဲ့ ကလေးတွေဟာ တယောက်ကိုတယောက် ငြိမ်းငြိမ်းချမ်းချမ်း ဆက်ဆံနိုင်တဲ့ရလဒ်ကို ရမယ်လို့မျှော်လင့်ပါတယ်” လို့ သူမက ပြောပါတယ်။

 

Emanuele Scanziani သည် အိန္ဒိယနိုင်ငံရှိ Auroville တွင်နေထိုင်ပြီး ရုပ်ပြရေးဆွဲတဲ့သူ တယောက်အဖြစ် ရပ်တည်ပါတယ်။ သူ့ကို အီတလီနိုင်ငံ မီလန်မြို့မှာမွေးဖွားခဲ့ပါတယ်။ အသက် ၁၆နှစ်အရွယ်ကတည်းက ရုပ်ပြ ရေးဆွဲတဲ့သူတယောက်ဖြစ်ပြီး သူမိသားရဲ့ စီးပွားရေးလုပ်ငန်းမှာ ပို့စကဒ်တွေ၊ ကလေးစာအုပ်တွေအတွက် ရေးဆွဲပေးရင်း နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့ပါတယ်။ တည်တံ့ခိုင်မြဲတဲ့ဖွံ့ဖြိုးရေး၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာနဲ့ ပညာရေးနဲ့ ပတ်သက်တဲ့ ရုပ်ပြစာအုပ်တွေကို နိုင်ငံအများအပြားအတွက် ရေးဆွဲပေးခဲ့ပါတယ်။